၂၇ရက်နေ့နံနက်ပိုင်းတွင် ၂၀၁၆ခုနှစ်G-၂၀လူငယ်များအစည်းအဝေးကို တရုတ်ပြည်ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအကြိမ်အစည်းအဝေး၏ဆောင်ပုဒ်မှာ လူငယ်များ၏ ဆန်းသစ်တီတွင်မှုကို တွန်းအားပေးပြီး မျှော်မှန်းချက်ကို လက်တွဲအကောင်အထည် ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ G-၂၀အုပ်စုအဖွဲ့ဝင်နိုင်ငံ၊ ဧည့်နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းမှ လူငယ်ကိုယ်စားလှယ်၁၀၀ကျော်တို့ တက်ရောက် ပါဝင်ကြကြောင်း စီအာအိုင်သတင်းအရသိရပါသည်။