သပိတ်ကျင်း မြို့နယ်၊ မြင်းမူမြို့နယ်နှင့် ပခုက္ကူမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ သတိပေးချက် ထုတ်ပြန်သည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီ အချိန် တိုင်းထွာချက်များ အရ ဧရာဝတီ မြစ်ရေသည် သပိတ်ကျင်း မြို့တွင် (၁) ပေခွဲခန့်၊ မြင်းမူမြို့နှင့် ပခုက္ကူမြို့တို့တွင် (၁) ပေခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအောက်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါ မြစ်ရေများသည် သပိတ်ကျင်းမြို့နှင့် ပခုက္ကူမြို့တို့တွင် နောက်(၂) ရက်အတွင်းနှင့် မြင်းမူမြို့တွင် နောက် (၃) ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ် ရေမှတ်သို့ ရောက် ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။