ပခုက္ကူနှင့် မုံရွာမြို့များတွင် အင်အား ရစ်ခ်ျတာ စကေး ၄.၉ အဆင့် ရှိ မြေငလျင် လှုပ်

2016-07-28 10:21:47 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ပခုက္ကူမြို့၏ အနောက်မြောက်ဘက် (၃၈)မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး (၄.၉) အဆင့် ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ငလျင်သည် မုံရွာမြို့နှင့် ပခုက္ကူမြို့များတွင် အနည်းငယ် လှုပ်ခတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မြေငလျင်နှင့် ပတ်သက်ပြီး သတင်း အချက်အလက်များဖြစ်ပြီး သတင်းများ ဆက်လက် ထုတ်ပြန်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ (Xinhua)