ဝမ်ယိသည်၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေး

2016-08-01 08:59:41 |သတင်းအရင်းအမြစ် 国际在线

 တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယမန်နေ့ ၂၉ ရက်နေ့က ပီကင်းတွင် တရုတ်- အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ထိပ်သီးအစည်းအဝေးအောင်ကျိုးရလဒ် လက်တွေ့ ဖော်ဆောင်ရေးဆိုင်ရာတိုင်ပင်ဆွေးနွေးရေးပုဂ္ဂိုလ်များ အစည်းအဝေးသို့ တက်ရောက်ကြ သည့် တောင်အာဖရိက၊ ဂါဘွန်၊ ဘီနင်၊ ဂျီဘူတီ၊ တောင်ဆူဒန်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးတို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၊ နှစ်ဖက်တို့အတူအရေးထားကြသည့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်း အရသိရသည်။