ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်း လီခေ့ချန် စူးစမ်းလေ့လာ

2016-08-01 09:10:18 |သတင်းအရင်းအမြစ် 国际在线

၂၉ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခု အချိန်က ရေဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းကို စူးစမ်းလေ့လာရန် နိုင်ငံတော် မိုးခေါင်ရေရှားမှုနှင့် ရေဘေးကြိုတင်ကာကွယ်ရေး ကွပ်ကဲမှု ဌာနချုပ်သို့ သွားရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဝန်ကြီးချုပ် လီခေ့ချန်သည် သီးသန့်လုပ်ငန်း အစည်းအဝေးကို ဦးစီးကျင်းပခဲ့ရာ နောက်တစ်ဆင့် ရေဘေး ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး၊ ဘေးသင့်သူများ အတွက် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စီစဉ်ပေး ခဲ့ကြောင်း သိရသည်။