တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝမ်ယိပြောကြား

2016-08-01 09:16:15 |သတင်းအရင်းအမြစ် 国际在线

ယမန်နေ့ ၂၉ ရက်နေ့က ပီကင်း၌ ကျင်းပသော တရုတ်-အာဖရိကပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ဂျွန်နက်စ်ပတ်-ထိပ်သီးအစည်းအဝေး အောင်ကျိုးရလဒ်လက်တွေ့ ဖော်ဆောင်ရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးရေးပုဂ္ဂိုလ်များ အစည်းအဝေးသို့ တက်ရောက် သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက၊ ယခုအကြိမ်အစည်းအဝေး၏ အတိုင်းအတာနှင့် အောင်မြင်မှုသည်၊ လျာထားသည်ထက်ကျော်လွှားခဲ့ပြီဖြစ်ကြောင်း၊ အာဖရိကနိုင်ငံများမှ ဝန်ကြီးအဆင့်အရာရှိ ၁၀၀ ကျော်ပါဝင်ခဲ့သဖြင့်၊ တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေးတွင် ကြီးကျယ်ခမ်းနားသော အစည်းအဝေးတစ်ရပ်ဖြစ်လာကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။