ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အတွက် ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေး အကျိုးပြုစွမ်း

2016-08-01 09:39:53 |သတင်းအရင်းအမြစ် 国际在线

တရုတ် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ကျူးကွမ်းယောက်က ကမ္ဘာ့ စီးပွားရေး နှေးကွေးစွာ နာလန်ပြန်ထူပြီး မရေမရာဖြစ်မှုများစွာနှင့် ရင်ဆိုင်နေရသော လက်ရှိ အခြေအနေမျိုးတွင် ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေးသည် ဆန်းသစ်တီထွင်မှု၊ ရှင်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ညှာထောက်ထားမှု ရှိသော ကမ္ဘာ့ စီးပွားရေး အတွက် သမိုင်းဝင် အကျိုးပြုစွမ်းဆောင်မှု ပြုလုပ်မည် ဖြစ်ကြောင်း ၃၀ရက်နေ့က ပီကင်းမြို့တွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ဒုဝန်ကြီး ကျူးကွမ်းယောက်က ၃၀ရက်နေ့က ကျင်းပခဲ့သော ၂၀၁၆ခုနှစ် NetEase ဘောဂဗေဒ ပညာရှင်များ နှစ်ပတ်လည် အစည်းအဝေး နွေရာသီ ဖိုရမ်တွင် ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။