ကမ္ဘာ့ ကုန်သွယ်ရေး သတင်းစာများ ဟောင်ကောင် စီးပွားရေး ဖိုရမ် ကျင်းပ

2016-08-01 09:42:27 |သတင်းအရင်းအမြစ် 国际在线

ကမ္ဘာ့ ကုန်သွယ်ရေး သတင်းစာများ ဟောင်ကောင် စီးပွားရေး ဖိုရမ်ကို ၂၉ရက်နေ့က ဟောင်ကောင်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် ဖိုရမ်တွင် နိုင်ငံအသီးသီးမှ ပညာရှင်များ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး လောကမှ ပုဂ္ဂိုလ်များနှင့် ဟောင်ကောင် အဓိက မီဒီယာများမှ ပုဂ္ဂိုလ်များသည် လက်ရှိ ကမ္ဘာ့ စီးပွားရေး အခြေအနေ၊ နိုင်ငံတကာ ငွေကြေး မူဝါဒ၊ တရုတ် ငွေကြေး စနစ်ပြုပြင်ပြောင်းလဲရေး၊ ဂျီ20ရင်ဆိုင်နေရသော စိန်ခေါ်မှု အပါအဝင် လူအများ အာရုံစိုက်ကြသော ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။