"2016နိုင်ငံတကာ စစ်ရေးပြိုင်ပွဲ" ရုရှားတွင် ဖွင့်လှစ်

2016-08-01 09:45:02 |သတင်းအရင်းအမြစ် 国际在线

ရုရှား နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနသည် ၃၀ရက်နေ့ နံနက်ပိုင်းက မော်စကို မြို့တော် ဆင်ခြေဖုံးဒေသတွင် "2016နိုင်ငံတကာ စစ်ရေးပြိုင်ပွဲ" ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအကြိမ် စစ်ရေးပြိုင်ပွဲကို ၁၅ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း၊ ရုရှား၊ တရုတ်၊ ကာဇက်စတန် အပါအဝင် ၁၈နိုင်ငံမှ လက်ရွေးစင် ၃ထောင်ကျော်သည် ပါဝင်ယှဉ်ပြိုင်ကြ မည် ဖြစ်ကြောင်း သိရသည်။

ပထမဆုံး အကြိမ် နိုင်ငံတကာ စစ်ရေးပြိုင်ပွဲကို ၂၀၁၅ခုနှစ် သြဂုတ်လက ရုရှားတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။