(၈၉) နှစ်ပြည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှ

2016-08-01 10:15:52 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

(၈၉) နှစ်ပြည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပ ခဲ့ပြီး အခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး ၊ တပ်မတော် အရာရှိကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာဟုန်လျန် နှင့်ဇနီး ၊ စစ်သံမှူး ဝမ်ကျင့်ပေါ နှင့် ဇနီး တို့မှ ဧည့်သည်တော်များအား ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တရုတ်နိုင်ငံ စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဖန့်ချန်လုံ ထံ ပေးပို့သည့် သဝဏ်လွှာကို အခမ်းအနား၌ ဖတ်ကြား ခဲ့ရာတွင် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အထိမ်းအမှတ် ပွဲအား ဂုဏ်ပြုကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ မိတ်ဆွေချစ်ကြည် ပူးပေါင်း ဆက်ဆံရေးအား အစဉ်အဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး ဝမ်ကျင့်ပေါ မှ မိန့်ခွန်း ပြောကြားရာတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ၈၉ နှစ်တာ ကာလအတွင်း သမိုင်းဖြစ်စဉ်များကို ပြောကြားခဲ့ပြီး လက်ရှိ တရုတ်နိုင်ငံမှ ကြုံတွေ့နေရသော လုံခြုံရေး အခြေအနေများနှင့် အသစ် ထုတ်ပြန် လိုက်သော “တရုတ် နိုင်ငံ စစ်ရေး မဟာဗျူဟာ” ကို ပြောကြား ခဲ့သည်။ထို့နောက်တွင် ဝမ်ကျင့်ပေါ မှ PLA သည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ၊ သဘာဝဘေး ကူညီ ဆောင်ရွက်မှုများတွင် လွန်စွာ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက် ခဲ့ကြောင်း ၊ လက်တလော နှစ်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးသည် ဆက်လက်၍ တိုးတက်ဖွံ့ဖြိုးနေပြီး နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများမှာလည်း အပြန်အလှန် ကူးလူးဆက်ဆံရေး များရှိကာ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် လွန်စွာ အထောက်အကူပြုခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာ နိုင်ငံ အခြေစိုက် သံရုံးအသီးသီးမှ စစ်သံမှူးများ အပါအဝင် ကဏ္ဍအသီးသီးမှ ဧည်သည်တော် ပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ (Xinhua)

 မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး ဝမ်ကျင့်ပေါ က (၈၉)နှစ်ပြည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က (၈၉) နှစ်ပြည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

 (၈၉)နှစ်ပြည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားမြင်ကွင်း(ဆင်ဟွာ)

 (၈၉)နှစ်ပြည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားမြင်ကွင်း(ဆင်ဟွာ)

 (၈၉) နှစ်ပြည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)