ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့ တွင် ပေဝက်ခန့်၊ မကွေးမြို့၊အောင်လံမြို့နှင့် ပြည်မြို့တို့တွင် (၁)ပေခွဲခန့်စီနှင့် ဆိပ်သာမြို့တွင် (၁)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအောက်တွင် ရောက်ရှိနေသည့်အတွက် မင်းဘူးမြို့နယ်၊ မကွေးမြို့နယ်၊ အောင်လံမြို့နယ်၊ ပြည်မြို့နယ်နှင့် ဆိပ်သာမြို့နယ် များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
၎င်းထုတ်ပြန်ချက်သည် ဇူလိုင် ၃၁ရက်နေ့ နံနက် ၁၀း၃၀ နာရီတွင် တိုင်းတာချက်ဖြစ်ပြီး . အဆိုပါမြစ်ရေများသည် နောက်(၁)ရက် အတွင်း မင်းဘူးမြို့နှင့် နောက်(၂)ရက်အတွင်း မကွေးမြို့၊ အောင်လံမြို့၊ပြည်မြို့နှင့် ဆိပ်သာမြို့တို့တွင် ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ (Xinhua)