၂၀၁၅ ပြည်ပသို့သွားရောက်သော တရုတ်ပညာတော်သင်ဦးရေ ၅သိန်း၂သောင်းကျော်ရှိ

2016-08-02 09:26:14 |သတင်းအရင်းအမြစ် 国际在线

ဇူလိုင်လ ၃၁ ရက်နေ့တွင် ဥရောပအမေရိကန်ပညာတော်သင်ကျောင်းသားများအဖွဲ့ ပီကင်းဖိုရမ်နှင့် ၂၀၁၆ တရုတ်ပညာတော်သင်ကျောင်းသားများလုပ်ငန်းဆန်းသစ်တီထွင်ရေး ဖိုရမ်ကို ပီကင်း၌ ကျင်းပခဲ့သည်။တရုတ်ပညာရေးဝန်ကြီးဌာနဒုဝန်ကြီး၊ ဥရောပ၊ အမေရိကန်ပညာ တော်သင်ကျောင်းသားများအဖွဲ့နှင့် တရုတ်ပညာတော်သင်ကျောင်းသားများအဖွဲ့ ဒုဥက္ကဋ္ဌ လျိုလိမြင်က ၂၀၁၅ခုနှစ် ပြည်ပသို့ သွားရောက်သော တရုတ်ပညာတော်သင်ကျောင်းသား ဦးရေမှာ ၅သိန်း၂၃၇၀၀ ရှိပြီး ၂၀၁၄ခုနှစ်ကထက် ၆သောင်း ၃၉၀၀ တိုးများကာ ၁၃.၉ရာခိုင်နှုန်း တိုးများကြောင်း၊ တစ်ချိန်တည်းတွင် ၂၀၁၅ခုနှစ် အမိနိုင်ငံကို ပြန်ရောက်သော ပညာတော် သင်ကျောင်းသားဦးရေစုစုပေါင်း ၄ သိန်းကျော်ရှိပြီး ၂၀၁၄ခုနှစ်ကထက် ၄သောင်း၄၃၀၀တိုးများပြီး ၁၂.၁ရာခိုင်နှုန်းတိုးများကြောင်း ပြောကြားသည်ဟုစီအာအိုင်သတင်းအရသိရသည်။