နဝမအကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေး ကူးလူးဖလှယ်မှု သတင်းပတ် ဖွင့်လှစ်

2016-08-02 10:04:02 |သတင်းအရင်းအမြစ် 国际在线

     နဝမအကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေး ကူးလူးဖလှယ်မှု သတင်းပတ်ကို သြဂုတ်လ ၁ ရက်နေ့တွင် တရုတ် ကွေ့ကျူးပြည်နယ် ကွေ့ယန်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

      ၂၀၁၆ ခုနှစ်သည်  တရုတ်-အာဆီယံ ပညာရေး ကူးလူးဖလှယ်မှုနှစ်ဖြစ်ပြီး ယခုအကြိမ် တရုတ်-အာဆီယံ ပညာရေးကူးလူးဖလှယ်မှု သတင်းပတ်သည် တရုတ်-အာဆီယံ ပညာရေး ကူးလူးဖလှယ်မှုနှစ်၏ အလံတင်လှုပ်ရှားမှု ဖြစ်သည့်အပြင် တရုတ်-အာဆီယံ ဆွေးနွေးဘက်ဆက်ဆံမှု ထားရှိသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများထဲက အရေးကြီးသော လှုပ်ရှားမှုတစ်ရပ်လည်းဖြစ်ကြောင်း၊ တရုတ်-အာဆီယံ ပညာရေး ကူးလူးဖလှယ်မှုနှစ်နှင့် တရုတ်-အာဆီယံ ပညာရေး ကူးလူးဖလှယ်မှု သတင်းပတ်၏ ဆောင်ပုဒ်သည် ပညာရေးကို ဦးစားပေးပြီး အိပ်မက်များကို အတူတကွ အကောင်အထည်ဖော်ဆောင်ကြခြင်း  ဖြစ်ကြောင်း သတင်းအရ သိရပါသည်။