ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်၊ ထိုင်းဒုဝန်ကြီးချုပ်နှင့် လျူယန်တုန်း အသီးသီးတွေ့ဆုံ

2016-08-02 10:11:30 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်းသည် ဇူလိုင်လ ၃၁ရက်နေ့က တရုတ်နိုင်ငံ ကွေ့ယန်မြို့တွင် နဝမအကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေး ကူးလူးဖလှယ်မှု သီတင်းပတ်လှုပ်ရှားမှုသို့ တက်ရောက်ရန် လာကြသော ကမ္ဘောဒီးယားဒုဝန်ကြီးချုပ် စိုအန်၊ ထိုင်းဒုဝန်ကြီးချုပ် ဘရာကျင်နှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

စိုအန်နှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် လျူယန်တုန်းက တရုတ်နိုင်ငံအနေနှင့် ကမ္ဘောဒီးယားနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိသော သဘောတူညီမှုများကို လက်တွေ့ဖော်ဆောင်ပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံ နက်ရှိုင်းစေလိုကြောင်း၊ ပြောကြားသည်။

ဘရာကျင်နှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် လျူယန်တုန်းက တရုတ်ပြည်သည် ထိုင်းနိုင်ငံနှင့် မဟာဗျူဟာညီညွတ်စေရေးကို အားဖြည့် ဖွံ့ဖြိုးတိုးတက်စေပြီး ရထားလမ်း စသော အရေးကြီးလုပ်ငန်းများဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်လိုကြောင်း၊ ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးရေးဆက်ဆံမှုထားရှိခဲ့သည့် ၂၅နှစ်ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံ နိုင်ငံများနှင့်အတူ တရုတ်-အာဆီယံဆက်ဆံမှု ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အားဖြည့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ ပြောကြားခဲ့ပါသည်။

စိုအန်နှင့် ဘရာကျင်က ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် တရုတ်နိုင်ငံနှင့်အတူ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို ဆက်လက် တွန်းအားပေးပြီး လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးကို နက်ရှိုင်းစေကာ အာဆီယံနှင့် တရုတ် အကြား ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုကြောင်း၊ ပြောကြားခဲ့ပါသည်။