ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာအစိုးရသည် စီးပွားရေးပေါ်လစီသစ် ၁၂ ချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ လူ့ကို အရင်းခံသော ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ဆောင်ခြင်း၊ တိုင်းနဲ့ပြည်နယ်များအကြား သဘာဝသယံဇာတများ သုံးစွဲမှု ညီမျှစေခြင်းဖြင့် အမျိုးသား ကြေအေးရေးနှင့် ငြိမ်းချမ်းရေးအရေးတော်ပုံကို ကျားကန်ပေးရန် ဖြစ်ပါသည်။
ယခုအကြိမ်ထုတ်ပြန်သော ပေါ်လစီသစ်များတွင် ပြည်သူ့ဘဏ္ဍာရေးစီမခန့်ခွဲရေး စနစ် ကျင့်သုံးရေး၊ နိုင်ငံတော်ပိုင်ကုမ္ပဏီများ ပုဂ္ဂလိကပိုင်ဖြစ်စေရေး၊ အလတ်စားနှင့် အသေးစားလုပ်ငန်းကုမ္ပဏီများအား ကူညီထောက်ပံ့ရေး၊ လူ့အရင်းအမြစ်ဆိုင်ရာ လေ့ကျင့် ပျိုးထောင်ပေးခြင်း တွန်းအားပေးရေးနှင့် အခြေခံအဆောက်အအုံများ အားဖြည့် တည်ဆောက်ရေး စသည်တို့ ပါဝင်ပါသည်။
မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၉ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတကာအစည်းအဝေးစင်တာတွင် ကျင်းပခဲ့သော ထုတ်ပြန်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ၄င်းက အရေးကြီးနယ်ပယ်များမှ ပေါ်လစီသစ် ဆိုင်ရာ အသေးစိတ်ဆောင်ရွက်ချက်များကို မကြာမီတွင် ထုတ်ပြန်မည်ဟု ပြောကြားပါသည်။