ငြိမ်းချမ်းရေးကော်မရှင်နှင့် မိုင်းလားအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

2016-08-03 09:58:40 |သတင်းအရင်းအမြစ် 国际在线

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မိုင်းလား အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA )တို့ ယမန်နေ့ ၁ ရက်နေ့က တွေ့ဆုံပြီး ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးက ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် မိုင်းလာအဖွဲ့ ကိုယ်စားလှယ်တို့က အဆိုပြုချက် ၃-၄ချက်ကို တင်ပြခဲ့ကြောင်း၊ ယင်းအနက် မိုင်းလာ အဖွဲ့အနေနှင့် မခွဲထွက်ရေးမူကို ဆက်လက် စွဲကိုင်ခြင်းနှင့် ဘက်အသီးသီး အားလုံး ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်ရေးကို ထောက်ခံခြင်းတို့ ပါဝင်ကြောင်း ဆွေးနွေးပွဲ အပြီးတွင် ကျင်းပခဲ့သော သတင်းစာရှင်း လင်းပွဲ၌ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက ပြောကြားပါသည်။

၎င်းက မိုင်းလာအဖွဲ့အနေနှင့် ၂၁ ရာစုပင်လုံညီလာခံသို့ တတ်နိုင်တမျှတက်ရောက် မည်ဖြစ်ပြီး ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ချုပ်ဆိုခြင်း ပြုမပြုကိုမူ ဆက်လက်ဆွေးနွေးရန်လိုအပ်သေးကြောင်း ဖော်ပြသည်ဟု ပြောကြားပါသည်။