ဂျီ20ထိပ်သီး အစည်းအဝေး ကျင်းပမည်

2016-08-03 10:05:25 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ခုနှစ် ဂျီ20ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို စက်တင်ဘာ ၄ရက်နေ့မှ ၅ရက်နေ့အထိ တရုတ်ပြည် ကျက်ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

လွန်ခဲ့သော ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့ ဂျီ20 သဘာပတိ နိုင်ငံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည်သည် ညှိနှိုင်းဆောင်ရွက်သူ အစည်းအဝေး ၃ကြိမ်၊ ဘဏ္ဍာရေး ဝန်ကြီးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေး ၃ကြိမ်နှင့် သက်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ကြောင်း၊ ဘက်အသီးသီးတို့သည် အရေးကြီး အောင်မြင်မှုများ ရရှိခဲ့ပြီး ထိပ်သီး အစည်းအဝေးထံသို့ ဆွေးနွေးရန် တင်ပြမည် ဖြစ်ကြောင်း သိရသည်။

ညှိနှိုင်းဆောင်ရွက်သူများကို ဂျီ20အဖွဲ့ဝင် နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များက ခန့်ထားခြင်း ဖြစ်ကြောင်း၊ ၄င်းတို့သည် များသောအားဖြင့် နိုင်ငံခြားရေး၊ စီးပွားရေး၊ ငွေရေးကြေးရေး ဆိုင်ရာ အဆင့်မြင့်အရာရှိများ ဖြစ်ကြောင်း၊ ၄င်းတို့၏ အဓိက လုပ်ငန်းတာဝန်မှာ နိုင်ငံရေးအရ ထိပ်သီး အစည်းအဝေး၏ အောင်မြင်မှုများကို ဘက်ပေါင်းစုံမှနေ စီမံခန့်ခွဲရန် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဘက်အသီးသီးတို့ အနေနှင့် ထိပ်သီးခေါင်းဆောင်များ ပြန်တမ်း၏ အခြေခံ မူဘောင်နှင့် အဓိက အချက်များနှင့် ပတ်သက်၍ မူအားဖြင့် သဘောတူညီမှု ရရှိပြီး ထိပ်သီး အစည်းအဝေး၏ အမြုတေ အောင်မြင်မှုများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဘဏ္ဍာရေး ဝန်ကြီးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေး၏ အဓိက လုပ်ငန်း တာဝန်မှာ စီးပွားရေးနှင့် ငွေရေးကြေးရေး ပြဿနာများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပြီး ထိပ်သီး အစည်းအဝေးတွင် သဘောတူညီမှု ရရှိရန်အတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်း သိရသည်။