တရုတ်နှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုအားဖြည့်ဆောင်ရွက်ရန် အာဆီယံနိုင်ငံများ တိုက

2016-08-03 10:11:14 |သတင်းအရင်းအမြစ် 国际在线

 ၉ ကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေးကူးလူးဖလှယ်မှုသတင်းပတ်ကို သြဂုတ်လ ၁ ရက်နေ့က တရုတ်ကွေ့ကျူးပြည်နယ် ကွေ့ယန်မြို့တွင် ကျင်းပခဲ့ရာ၊ အစည်းအဝေးသို့ တက်ရောက်ကြသည့် ကမ္ဘောဒီးယား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ကိုယ်စားလှယ်များသည်၊ တရုတ်နှင့် အာဆီယံတို့သည်၊ ပညာရေးနယ်ပယ်၌ ပူးပေါင်း ဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုကို တစ်ဆင့်တက်အားဖြည့်ဆောင်ရွက်ခြင်းဖြင့်၊ အပြန်အလှန်နားလည်မှုတိုးပွားစေပြီး၊ အပြန်အလှန်အကျိုးရှိစေရေးကို အကောင်အထည် ဖော်ဆောင်ရန် လိုအပ်ပါကြောင်း ဖော်ပြကြသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရသည်။