တရုတ်-အင်ဒို ဒုဝန်ကြီးချုပ်အဆင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးစနစ် ဒုတိယအကြိမ် အစ

2016-08-03 10:13:06 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်းနှင့် အင်ဒိုနီးရှား လူသား ဖွံ့ဖြိုး တိုးတက်မှုနှင့် ယဉ်ကျေးမှုညီညွတ်စေရေး ဝန်ကြီး ဖူအန်တို့သည် သြဂုတ်လ ၁ရက်နေ့က တရုတ်နိုင်ငံ ကွေ့ယန်မြို့တွင် တရုတ်-အင်ဒိုနီးရှား ဒုဝန်ကြီးချုပ်အဆင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးစနစ် ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

လျူယန်တုန်းက တရုတ်နှင့် အင်ဒိုနီးရှားတို့သည် ဖွံ့ဖြိုးရေးအတွက် သော့ချက်ကျသောအချိန်ကာလ၌ ရှိနေသဖြင့် ဒေသတွင်း စည်ပင်သာယာမှုနှင့် တည်ငြိမ်မှု တွန်းအားပေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ရှေ့အလားအလာ များစွာရှိကြောင်း၊ One Belt and Road ကမ်းလှမ်းချက်၊ အင်ဒိုနီးရှား၏ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးကို ညီညွတ်စေရန် တွန်းအားပေးရာတွင် နှစ်နိုင်ငံ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို အဆက်မပြတ်နက်ရှိုင်းစေရန်လိုကြောင်း၊ ပြောကြားပါသည်။

ဖူအန်က အင်ဒိုနီးရှားနှင့်တရုတ် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးစနစ်၏ အခန်း ကဏ္ဍကို တန်ဘိုးတားချီးကျူးကြောင်း၊ နှစ်နိုင်ငံ သက်ဆိုင်ရာနယ်ပယ်များမှ ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် ယင်းစနစ်ကို ကောင်းမွန်စွာ အသုံးပြုရန် အကြံပေးကြောင်း၊ ပြောကြားပါသည်။