၂၀၁၆ခုနှစ်ပထမနှစ်ဝက်ပိုင်းက တရုတ်ခရီးသွားလုပ်ငန်းဝင်ငွေ ယွမ် ဘီလီယံ၂၅၅၀ရှိ

2016-08-03 10:15:31 |သတင်းအရင်းအမြစ် 国际在线

 တရုတ်နိုင်ငံတော်ခရီးသွားဦးစီးဌါနမှ ၁ရက်နေ့က ထုတ်ပြန်သော ၂၀၁၆ခုနှစ်ပထမနှစ်ဝက်ပိုင်း ခရီးသွားလုပ်ငန်းစာရင်းအရ ယခုနှစ်ပထမနှစ်ဝက်ပိုင်းက တရုတ်နိုင်ငံ၏ခရီးသွားဈေးကွက်ပမာဏမှာ မှန်ကန် တိုးချဲ့လာကြောင်း၊ ပြည်တွင်း ခရီးသည်ဦးရေမှာ ၂၂၃၆သန်းရှိပြီး ၂၀၁၅ခုနှစ်အလားတူ ကာလကထက် ၁၀.၄၇ရာခိုင်နှုန်းတိုးများကြောင်း၊ ထို့အပြင် ပြည်ဝင်ပြည်ထွက်ခရီးသည်ဦးရေမှာ ၁၂၇သန်းရှိပြီး ၄.၁ရာခိုင်နှုန်းတိုးများကြောင်း၊ ခရီးသွားလုပ်ငန်း ဝင်ငွေစုစုပေါင်းပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ၂၂၅၀ရှိပြီး ၁၂.၄ရာခိုင်နှုန်း တိုးများလာကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။