အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးများအစည်းအဝေးများ ဗီယင်ကျန်း၌ ဖွင့်လှစ်

2016-08-04 09:09:36 |သတင်းအရင်းအမြစ် 国际在线

၄၈ ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးကို ယနေ့ ၃ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ ဖွင့်လှစ်လိုက်ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

လာမည့် ၄ ရက်အတွင်း အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ(10+1)စီးပွားကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ(10+3) စီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးစီးပွားရေးဝန်ကြီး များအစည်းအဝေးကို ကျင်းပမည်ဖြစ်ပါသည်။

တရုတ်ကုန်သွယ်ရေးဝန်ကြီး ကောဟူချင်သည် ကိုယ်စားလှယ်အဖွဲ့ဦးဆောင်ပြီး အစည်းအဝေးများသို့ တက်ရောက်မည်ဟု သိရပါသည်။