တရုတ်-အာဆီယံအသက်မွေးဝမ်းကျောင်းပညာရေး ပူးပေါင်းဆောင်ရွက်မှု စေ့စပ် ဆွေးနွေးပွဲကို သြဂုတ်လ ၁ ရက်နေ့က တရုတ်ပြည်ကွေ့ဂျိုးပြည်နယ် ကွေ့ယန်မြို့၌ ကျင်းပခဲ့ ရာ၊မြန်မာပညာရေးဝန်ကြီးဌာန၊မလေးရှားပညာရေးဝန်ကြီးဌာန၊တရုတ်ဆိုင်ရာ လာအိုသံရုံး မှ အရာရှိများ၊ တရုတ်နှင့်အာဆီယံအသက်မွေးပညာပျိုးထောင်ရေးတက္ကသိုလ်နှင့် အတတ် ပညာသင်ကျောင်းများမှ ကိုယ်စားလှယ်အပါအဝင် လူ ၃၀၀နီးပါးတက်ရောက်ခဲ့ကြကြောင်း တရုတ်-အာဆီယံစင်တာဝက်ဆိုက်မှ သတင်းကိုကိုးကား၍စီအာအိုင်က ဖော်ပြသည်။
တရုတ်-အာဆီယံစင်တာမှ အတွင်းရေးမှူးချုပ် ယန်ရှုဖိန်က၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာသည်၊နိုင်ငံတော်ပညာရေးစနစ်နှင့်လူအားအရင်းအမြစ်ဖွံ့ဖြိုးရေးတွင် မရှိမဖြစ် သည့် အစိတ်အပိုင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
မြန်မာပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဦးမျိုးသိမ်းကြီးနှင့် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့အတွင်းရေးမှူးချုပ်ဂါဒို့ထ်တို့သည်၊ အသီးသီးမိန့်ခွန်းပြောကြားခဲ့ သည်။
ယန်ရှုဖိန်သည်၊ ဒေါက်တာ ဦးမျိုးသိမ်းကြီးနှင့်အတူ၊ တရုတ်ပညာရေးနိုင်ငံတကာ ကူးလူးဖလှယ်ရေးအသင်းလက်အောက်ခံ အသက်မွေးဝမ်းကျောင်းအတတ်ပညာသင်ပေး ရေးဆိုင်ရာ နိုင်ငံတကာကူးလူးဖလှယ်ရေးအသင်းခွဲနှင့် မြန်မာပညာရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုအမှာစာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည် ဟုသိရသည်။