တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျေချီသည် ၂ရက်နေ့က ပီကင်းမြို့တွင် လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။
ယန်ကျေချီက ယခုနှစ်သည် တရုတ်-လာအို နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် ၅၅နှစ်ပြည့်မြောက်နှစ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ဖွံ့ဖြိုးရေးအခွင့် ကောင်းသစ်များနှင့် ရင်ဆိုင်နေကြောင်း၊ နှစ်ဖက်အနေနှင့် မဟာဗျူဟာ ကူးလူးဖလှယ်မှုကို အားဖြည့် ဆောင်ရွက်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-လာအို ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ ပြောကြားပါသည်။
Saleumxayက လာအိုနိုင်ငံသည် တရုတ်နှင့် ဆက်ဆံရေးကို အလေးထားပြီး တရုတ် နှင့်အတူ နှစ်နိုင်ငံဆက်ဆံမှုနှင့် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း၊ ပြောကြားပါသည်။