ဒုတိယအကြိမ်မြောက်တရုတ်-အာဆီယံပညာရေးဝန်ကြီးများစားပွဲဝိုင်းအစည်းအ ဝေး ကျင်းပ

2016-08-04 09:42:20 |သတင်းအရင်းအမြစ် 国际在线

ဒုတိယအကြိမ်မြောက်တရုတ်-အာဆီယံပညာရေးဝန်ကြီးများစားပွဲဝိုင်းအစည်းအဝေးကို ၂ရက်နေ့က တရုတ်ပြည်ကွေ့ယန်မြို့၌ ကျင်းပခဲ့ကြောင်း၊ အာဆီယံအဖွဲ့ဝင်၁၀နိုင်ငံမှ ပညာရေးဝန်ကြီးနှင့်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂယိုနက်စကိုအဖွဲ့ လက်ထောက် ဒါရိုက်တာချုပ်ထန်ချမ်နှင့် အာဆီယံအတွင်းရေးမှူး ဌါနဒုအတွင်းရေးမှူးချုပ် ဗွန်သက်စသည်တို့တက်ရောက်ကြကြောင်း တရုတ်သတင်းဌါနမှသတင်းအရသိရပါသည်။

ယခုအကြိမ်အစည်းအဝေး၌ တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်၏ အာဆီယံပညာရေးထောက်ခံမှုလုပ်ငန်းစီမံကန်(၂၀၁၆-၂၀၂၀) ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း ၊ တရုတ်ပြည်နှင့်ပညာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တဆင့်တိုးတွန်းအားပေးလိုသည်ဟု အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ ပညာရေး ဝန်ကြီးတို့က ဖော်ပြကြကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။