တရုတ် လေတပ် ပြောရေးဆိုခွင့်ရှိသူ ရှင်ကျင်ခိုက၊ တရုတ်လေတပ်မှ စေလွှတ်သော ဟုန်- ၆ ကေနှင့် စူ-၃၀ စသည့် တိုက်လေယာဉ်များသည် တောင်ပင်လယ် နန်စားကျွန်း၊ ကျောက်ဆောင်များနှင့် ဟွမ်ယန်ကျွန်း အနီးတဝိုက်၌ ကင်းလှည့်မှု ပြုလုပ်ကြောင်း၊ ယင်းလေယာဉ်များအနက် ဗုံးကြဲလေယာဉ်၊ တိုက်လေယာဉ်၊ ကင်းလှည့် လေယာဉ်နှင့် ခေါင်းကင်ယံ ဓါတ်ဆီထည့်သွင်းလေယာဉ် အမျိုးပေါင်းစုံ ပါဝင်ကြောင်း ၆ ရက်နေ့က သတင်းထုတ်ပြန်သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။