မြန်မာတွင် ဆွေမျိုးပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ပေးအပ်ခြင်း စီမံကိန်းကို စတင်ေ

2016-08-09 09:30:07 |သတင်းအရင်းအမြစ် 国际在线

တရုတ် ဆင်းရဲမှု ပပျောက်စေရေး ဖောင်ဒေးရှင်း(CFPA)၊ မြန်မာ ပညာရေး ဝန်ကြီးဌာန အဆင့်မြင့် ပညာရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နှင့် မြန်မာ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာတို့သည် ၅ရက်နေ့က ရန်ကုန် တက္ကသိုလ်တွင် ဆွေမျိုးပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ပေးအပ်ခြင်း စီမံကိန်း စတင်ဆောင်ရွက်ရေး နှင့် မြန်မာနိုင်ငံဆိုင်ရာ CFPAရုံးဌာနထူထောင်ရေး အခမ်းအနားကို ကျင်းပခဲ့ ကြောင်း၊ မြန်မာနိုင်ငံ၏ တက္ကသိုလ်ကျောင်း ၄ကျောင်းမှ ကျောင်းသူကျောင်းသား ၆၀၀အား ပညာသင် ထောက်ပံ့ကြေးကို ပေးအပ်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ CFPAရုံးဌာနသည် ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်နှင့် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသား ၆၀၀အတွက် လာမည့်၎နှစ်အတွင်း နှစ်စဉ် တစ်ယောက်စီအား ထောက်ပံ့ကြေး ကျပ် ၃သိန်း ပေးအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် မန္တလေးဒေသရှိ ဆင်းရဲသည့် ကျောင်းသူကျောင်းသား ၄၀၀အား ထောက်ပံ့ကြေးကို ပေးအပ်မည်ဖြစ်ပြီး ကျောင်းသူကျောင်းသား စုစုပေါင်း ၁၀၀၀ ကို ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း၊ သိရပါသည်။