တရုတ်နိုင်ငံတော်အများပြည်သူသံတမန်ဆက်ဆံရေးအသင်းနှင့် စီအာအိုင် အသံလွှင့် ဌာနပူးတွဲကျင်းပ သည့် တရုတ်-အာဖရိက အများပြည်သူသံတမန်ဆက်ဆံရေးဖိုရမ်ကို သြဂုတ် လ ၉ ရက်နေ့ တွင် တန်ဇန်နီးယား နိုင်ငံ ဒါရက်ဆလမ်မြို့တော်၌ဖွင့်လှစ်မည်ဖြစ်ရာ၊ တရုတ်နှင့် အာဖရိက နိုင်ငံများမှ နာမည်ကျော်နိုင်ငံရေးနှင့် စီးပွားရေးပုဂ္ဂိုလ်များ၊ ပညာရှင်များနှင့် ဝါရင့်မီဒီယာသမားများ ၁၀၀ ခန့်သည်၊ ပူးပေါင်းဆောင်ရွက်ပြီး၊ အတူ အောင်မြင်မှု ရရှိရေး၊ အတူတကွဖွံ့ဖြိုးရေး၊ တရုတ်-အာဖရိက ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုတည်ငြိမ်စွာ တွန်းအားပေး ရေးစသည်တို့နှင့် စပ်လျဉ်း၍ တိုင်ပင် ဆွေးနွေးကြမည်ဖြစ်ကြောင်း စီအာအိုင်သတင်းအရသိရသည်။
တရုတ်နိုင်ငံတော် အများပြည်သူသံတမန်ဆက်ဆံရေးအသင်းဥက္ကဋ္ဌ လီကျောက်ရှင်း၊ တန်ဇန်နီးယားဆိုင်ရာ တရုတ်သံအမတ်ကြီး လျူယိုချင်း၊ စီအာအိုင်အသံလွှင့်ဌာန ဒုတိယ ဌာနမှူး ဟူပန်းရှိန့်တို့သည်၊ ဖွင့်ပွဲအခမ်းအနား ၌ အသီးသီးမိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။