ဖိလစ်ပိုင် သမ္မတဟောင်း ရာမို့စ် ပီကင်းသို့ လာမည်

2016-08-09 09:38:25 |သတင်းအရင်းအမြစ် 国际在线

ဖိလစ်ပိုင် သမ္မတဟောင်း ရာမို့စ်သည် ဖိလစ်ပိုင် တစ်ဖက်သတ် တင်သွင်းသော တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်မှုကြောင့် ဆိုးရွားလာသော နှစ်နိုင်ငံ ဆက်ဆံမှု ပြန်လည်ပြုပြင်ရန်နှင့် ဖိလစ်ပိုင်- တရုတ် ပဏာမ စေ့စပ်ဆွေးနွေးပွဲကို ဖွင့်လှစ်ရန် ၈ ရက်နေ့က ပီကင်းသို့ သွားရောက်မည်ဟု ဖိလစ်ပိုင် သတင်းဌာနမှ ၇ ရက်နေ့က သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ရေးသားဖေါ်ပြသည်။

တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်မှုကို ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန် ခဲ့ပြီးနောက် ၁၄ ရက်နေ့တွင် ဖိလစ်ပိုင် သမ္မတသစ် ဒူတာတေက၊ မိမိသည် သမ္မတဟောင်း ရာမို့စ်အား သံတမန်အဖြစ် တရုတ်ပြည်သို့ စေလွှတ်ရန် စီစဉ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်ဘက်သည် ယင်းကို ကြိုဆိုကြောင်း ဖေါ်ပြသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခမ်းက၊ တရုတ်နိုင်ငံသည် နှစ်ဖက် ဆွေးနွေးခြင်းဖြင့် သက်ဆိုင်ရာ ပြဿနာကို ဖြေရှင်းရန် တလျှောက်လုံး စွဲကိုင်ပြီး ဖိလစ်ပိုင်နှင့် တိုင်ပင် ဆွေးနွေးရန် တံခါးကို မည့်သည့်အချိန်ကမှ မပိတ်ဖူးကြောင်း ပြောကြားခဲ့သည်။