မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဖဆပလ အိမ်ယာဝင်းအတွင်း သစ်ပင်ပြိုလဲမှုကြောင့် လူတစ်ဦးေ

2016-08-15 10:28:42 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဖဆပလ အိမ်ယာဝင်းအတွင်း ယနေ့ သြဂုတ်လ ၁၂ ရက် နံနက် ၁၀နာရီကျော်တွင် သစ်ပင်ကြီးတစ်ပင်ပြိုလဲကာ လူတစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ သစ်ပင်ကြီးသည် ကားများပေါ် ပြိုလဲသဖြင့် ကားသုံးစီးပျက်စီးပြီး လူများကို ကယ်ဆယ်ရေးပြုလုပ်ကာ ကယ်ဆယ်ခဲ့ ရကြောင်း ၎င်းကဆိုသည်။
“မိုးတွေတအားရွာပြီး အပင်ပြိုကျတာ ကားတွေပေါ်ပိသွားတာ၊ လူတွေက အရမ်းတော့မစိုးရိမ်ရပါဘူး”ဟု အပင်ပြိုကျရာတွင် ကယ်ဆယ်ရေးပြုလုပ်သူတစ်ဦးက ပြောသည်။(Xinhua)