ဖိလစ်ပိုင်-တရုတ် အနာဂတ် ဆက်ဆံမှုအပေါ် အကောင်းဘက်မှ ရှုမြင်လိုဟု ဒူတယ်တေ ဆို

2016-08-16 09:19:05 |သတင်းအရင်းအမြစ် 国际在线

ဖိလစ်ပိုင် သမ္မတ ဒူတယ်တေသည် မကြာမီက တရုတ် နဂါး မဂ္ဂဇင်းမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု၊ စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှု စသည့်ကိစ္စများနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်များကို ဖြေကြားသည်။

တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုနှင့် ပတ်သက်ပြီး ဒူတယ်တေက၊ တရုတ်-ဖိလစ်ပိုင် သံအဆက်အသွယ် ထားရှိသည့် ၄၁ နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် ကြီးမားသော တိုးတက်အောင်မြင်မှုများကို ရရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် စိန်ခေါ်မှု သဘော ပါသည့် နယ်ပယ် အသီးသီး၌ ပုံမှန် ရှင်သန်သော မိတ်ဖက် ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည် တံခါးဖွင့်ပြီး တက်ကြွစွာ ထိတွေ့ဆက်ဆံသော တရုတ်ပြည်ဆိုင်ရာ မူဝါဒကို ရေရှည် ကျင့်သုံးကြောင်း ပြောကြားသည်။

ဒူတယ်တေက၊ ဖိလစ်ပိုင်နှင့် တရုတ် အကြား ကုန်သွယ်ရေး ဆက်ဆံမှုသည် သမိုင်း သက်တမ်း ကြာမြင့်ပြီး ယင်းဆက်ဆံမှု ဆက်လက် တိုးတက်နိုင်ရန် မိမိ မျှော်လင့် ပါကြောင်း၊ သဘောတူညီမှု ထူထောင်ခြင်း၊ အပြန်အလှန် ယုံကြည်မှု ပြန်လည် ရရှိခြင်းနှင့် ချစ်ကြည်မှု တိုးမြှင့်ခြင်းတို့သည် နှစ်ဖက်တို့၏ ကောင်းမွန်သော ယုံကြည်အားထားမှုနှင့် ရိုးသားဖြူစင်သောစိတ်ရင်းကို အခြေခံ အဖြစ်ထားသည် ဖြစ်ပြီး ဤသို့သော ဆန္ဒ ရှိပါက နှစ်ဖက်အကြား သဘောကွဲလွဲမှု တဖြည်းဖြည်း ကျဉ်းကျုံ့နိုင်ရန်အပေါ် မိမိက အကောင်းဘက်မှ ရှုမြင်လိုကြောင်း၊ သို့ဖြစ်၍ မိမိသည် ဖိလစ်ပိုင်- တရုတ် အနာဂတ် ဆက်ဆံမှုအပေါ် အကောင်းဖက်မှ ရှုမြင်လိုကြောင်း ပြောကြားသည်။