မြန်မာ ခေါင်းဆောင်၏ တရုတ်ပြည် ခရီးစဉ်သည် နှစ်ဖက် ဆက်ဆံမှု တိုးမြှင့်မည်

2016-08-16 09:21:20 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူ့ခမ်းက၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်၏ ဖိတ်ကြားချက်အရ သြဂုတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း ၁၅ ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။ လူ့ခမ်းက၊ ခရီးစဉ်အတွင်း တရုတ် ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး နှစ်ဖက်တို့သည် တရုတ်-မြန်မာ ဆက်ဆံမှုနှင့် အခြား အတူတကွ အရေးထားကြသောကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း၊ ပီကင်းအပြင် ဒေါ်အောင်ဆန်းစုကြည်သည် အခြားမြို့များသို့လည်း ခရီး လှည့်လည်မည် ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး လူ့ခမ်းက၊ မျက်မှောက်ကာလ၌ တရုတ်-မြန်မာ ဆက်ဆံမှု ကောင်းမွန်စွာ တိုးတက်နေကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် မြန်မာ အစိုးရသစ် ဖွဲ့စည်း တည်ထောင်ခဲ့ပြီးနောက် မြန်မာ ခေါင်းဆောင်၏ ပထမအကြိမ် တရုတ် ခရီးစဉ် ဖြစ်ပြီး ခေတ်သစ် တရုတ်-မြန်မာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဆက် ဆက်ဆံမှု တိုးမြှင့်ရေးအတွက် အရေးကြီး အဓိပ္ပါယ် ပါရှိကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ မဟာဗျူဟာ ကူးလူးဖလှယ်မှု တိုးမြှင့်ရေး၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ အရပ်ဘက် ချစ်ကြည်မှု တွန်းအားပေးရေးနှင့် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်မှု ရရှိစေရေးအတွက် အကျိုးပြုမည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် သုခများ ဆောင်ကျဉ်းလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။