၁၁ကြိမ်မြောက် ဂျီ-၂၀ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို တရုတ်ဟန်ကျိုးမြို့၌ ကျင

2016-08-16 09:28:27 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လုခမ်းက ၁၁ကြိမ်မြောက် ဂျီ-၂၀ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၄ ရက်နေ့မှနေ ၅ ရက်နေ့အထိ တရုတ် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်သည် ဆန်းသစ်တီထွင်မှု၊ ရှင်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ညာထောက်ထားမှုရှိသော နိုင်ငံတကာစီးပွားရေးကို တည်ထောင်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၄င်းအစည်းအဝေးကို ဦးစီးကျင်းပပြီး BRICခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။