၃၁ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ လူငယ်များသိပ္ပံနည်းပညာဆန်းသစ်တီထွင် ရေးပြိုင်ပွဲကို ယမန်နေ့၁၄ရက်နေ့က ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့သည်။တစ်ပြည်လုံး ပြည်နယ်နှင့်မြို့အသီးသီးမှ ကိုယ်စားလှယ်အဖွဲ့၃၄ဖွဲ့မှ လူငယ်၅၀၀နီးပါး၊ သိပ္ပံနည်းပညာ နည်းပြဆရာ၂၀၀နှင့် အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်စသည့် နိုင်ငံ ၁၅ နိုင်ငံမှ နိုင်ငံတကာ ကိုယ်စားလှယ်၇၀ကျော်တို့သည် ပြိုင်ပွဲပါဝင်ခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။