ယခုလ ၁၆ ရက်နေ့ ၁ နာရီ ၄၀ မိနစ်တွင် တရုတ်နိုင်ငံသည် ကျိုချွမ် ဂြိုဟ်တု လွှတ်တင်ရေးစခန်း၌ လောင်းမတ်ခ်ျ အမှတ်-၁ (ဂ) သယ်ဆောင်ဒုံးပျံဖြင့် ကမ္ဘာ့ ပထမဆုံး သိပံ္ပပညာ စမ်းသပ်ဂြိုဟ်တု မို့ကြည်ဟောင့်ကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ သို့ဖြစ်၍ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ဂြိုဟ်တုနှင့် မြေပြေ အကြား ကွမ်တမ် ဆက်သွယ်ရေးကို ဖေါ်ဆောင်နိုင်မည် ဖြစ်ပြီး မိုး မြေ တပြေးညီ ဖြစ်သည့် ကွမ်တမ် လျှို့ဝှက်ထားဆက်သွယ်မှုနှင့် သိပံ္ပံပညာ စမ်းသပ်ရေးစနစ်ကို ထားရှိနိုင်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။