ဂျပန်ခုခံရေးစစ်ပွဲ အောင်မြင့်ခဲ့သည့် ၇၁ နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတကာ ငြိမ်းခ

2016-08-17 09:15:17 |သတင်းအရင်းအမြစ် 国际在线

  သြဂုတ်လ ၁၅ ရက်နေ့က ဂျပန်ခုခံရေးစစ်ပွဲ အောင်မြင့်ခဲ့သည့် ၇၁ နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတကာ ငြိမ်းချမ်းရေးစုစည်းပွဲကို တရုတ်နိုင်ငံ နန်ကင်းမြို့၌ ကျင်းပခဲ့ရာတွင် တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယားမှ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး ကြေညာစာတမ်းကို ရွတ်ဆိုခဲ့ကြကြောင်း၊ ၄င်းငြိမ်းချမ်းရေး ကြေညာစာတမ်းတွင်  ဂျပန်ခုခံရေးစစ်ပွဲ အောင်မြင့်ခဲ့သည့် ၇၁ နှစ်ပြည့် အခါသမယတွင် မိမိတို့အနေနှင့် သမိုင်း သင်ခန်းစာယူပြီး စစ်ပွဲနှင့်အကြမ်းဘက်မှုကို ဆန့်ကျင်ကာ မှားယွင်းသော သမိုင်းဖြစ်ရပ် ပြန်မဖြစ်ပွားစေရန် ဆောင်ရွက်သည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြစို့ဟု ကတိသစ္စာပြုကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။