တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူ့ခန်းက၊ ၁၁ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို စင်တင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ဟန်ကျိုးမြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံနှင့် ဧည့်နိုင်ငံများမှ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးမည် ဖြစ်ကြောင်း ၁၅ ရက်နေ့က ကြေညာခဲ့သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘဏ္ဍရေး ဝန်ကြီးဌာန၊ ဗဟိုဘဏ်နှင့် ဟန်ကျိုးမြို့မှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက၊ ထိပ်သီးအစည်းအဝေး၏ ပြင်ဆင်ရေးလုပ်ငန်းများ ချောမောပါကြောင်း၊ ဟန်ကျိုး ထိပ်သီးအစည်းအဝေးသည် ကမ္ဘာ့ စီးပွါးရေး တိုးတက်မှု၊ နိုင်ငံတကာ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့စီးပွါးရေး စီမံခန့်ခွဲမှုအတွက် ကောင်းမွန်သော အခြေအနေကို ဖန်တီးပေးနိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားကြသည်။
ယခုအကြိမ် ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်သည် ဆန်းသစ်တီထွင်ရေး၊ ရှင်သန်ရေး၊ အပြန်အလှန် ပူးပေါင်းရေးနှင့် သက်ညှာထောက်ထားရေး ကမ္ဘာ့စီးပွါးရေးကို ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်သည်။