တရုတ်နှင့် အာဆီယံနိုင်ငံများ တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်း အကောင်အထည်ဖေါ်ဆောင်ရေး ၁၃ အကြိမ် အဆင့်မြင့် အရာရှိများ အစည်းအဝေးကို ၁၆ ရက်နေ့က တရုတ်ပြည် အတွင်းမွန်ဂိုး ပြည်နယ်၌ ကျင်းပ ခဲ့သည်။
အစည်းအဝေး တက်ရောက်သော ဘက်အသီးသီးသည် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းကို ဆက်လက် ဘက်စုံ ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်မည် ဖြစ်ကြောင်း၊ အငြင်းပွါးမှုများကို တိုင်ပင် စေ့စပ် ဆွေးနွေးသော နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် စွဲကိုင်မည် ဖြစ်ကြောင်း၊ အငြင်းပွါးမှုများကို ဒေသတွင်း စည်းမျဉ်းမူဘောင်ဖြင့် စီမံ ထိန်းချုပ်ရန် စွဲကိုင်မည် ဖြစ်ကြောင်း၊ ပင်လယ်ရေးရာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖေါ်ပြကြသည်။ ဘက်အသီးသီးတို့သည် အနှောင့်အယှက် ပြုမှု မခံသည့် အခြေအနေတွင် တောင်ပင်လယ်ဆိုင်ရာ ဆောင်ရွက်မှုမူ အကြောင်း တိုင်ပင်ဆွေးနွေးမှုကို ပိုမို လျင်မြန်စွာ လုပ်ဆောင်ရန်၊ လာမည့်နှစ် နှစ်လယ်ပိုင်းတွင် မူ မူဘောင် မူကြမ်း ပြီးမြောက်နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း သဘောတူကြသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်က၊ တောင်ပင်လယ် ပြဿနာသည် တရုတ်နှင့် အာဆီယံအကြား ပြဿနာ မဟုတ်ကြောင်း၊ ပြင်ပ အင်အားစု အနှောင့်အယှက်ပြုမှု ရှိသည့် မျက်မှောက်အချိန်ကာလတွင် တရုတ်နှင့် အာဆီယံတို့သည် တောင်ပင်လယ်ပြဿနာကို ကိုယ်တိုင် ဖြေရှင်းသင့်သည်ဟု နားလည်သိရှိပြီ ဖြစ်ကြောင်း ပြောကြားသည်။