တရုတ်ကိုယ်စားလှယ်အဖွဲ့ ငွေတံဆိပ်၊ကြေးတံဆိပ်တစ်ခုစီ ထပ်မံရရှိ

2016-08-18 09:28:52 |သတင်းအရင်းအမြစ် 国际在线

ဒေသစံတော်ချိန်သြဂုတ်လ၁၆ရက်နေ့သည် ရီယိုအိုလံပစ်အားကစားပြိုင်ပွဲကျင်းပသည့် ၁၁ ခုမြောက်နေ့ဖြစ်သည်။ တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့သည် ငွေတံဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီ ထပ်မံရရှိခဲ့သည်ဟုစီအာအိုင်သတင်းအရသိရသည်။

   နှစ်ယောက်တွဲ အလှပြရေကူးပြိုင်ပွဲတွင် တရုတ်အားကစားသမား ဟွမ်ရွှေချင်၊ စွန်ဝိန်ယက်တို့သည် ငွေတံဆိပ်ရရှိခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံက အိုလံပစ်အားကစား ပြိုင်ပွဲ နှစ်ယောက်တွဲ အလှပြရေကူးပွဲစဉ်၌ ရရှိသော အကောင်းဆုံးအောင်မှတ်ဖြစ်သည်။

   အမျိုးသား ၃ဆင့် အလျားခုန်ဖိုင်နယ်ပြိုင်ပွဲတွင် တရုတ်လက်ရွေးစင်တုန်ပင်သည် ၁၇.၅၈ မီတာဖြင့် ကြေးတံဆိပ်ရရှိခဲ့ပြီး ၄င်း၏အဖွဲ့ဝင်သူငယ်ချင်းချောင်စော့သည် စတုတ္တဆု ရရှိခဲ့သည်ဟုသိရသည်။