စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချိန်လျှော်တုန်းသည် ၁၆ ရက်နေ့က "စင်ကာပူနိုင်ငံနှင့် ဒေသတွင်း ကုန်သွယ်ရေး ဖိုရမ်၊ ၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီး" သို့ တက်ရောက်ပြီး 1B1R ကို အခြေခံသော တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းနှင့် အလားအလာနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့သည်ဟု ဆင်ဟွာဝက်ဆိုက်မှ သတင်းအရ သိရပါသည်။
ချိန်လျှော်တုန်းက အာဆီယံနိုင်ငံများသည် ပင်လယ်ပိုးလမ်းမကြီး တည်ဆောက်ရန် မိတ်ဘက်နှင့် ဦးစားပေး ဦးတည်ချက်ဖြစ်ကြောင်း၊ ယခုနှစ်သည် အာဆီယံ အသိုက်အဝန်း တည်ထောင်ခဲ့သည့် ပထမနှစ်ဖြစ်ပြီး တရုတ်-အာဆီယံ ဆွေးနွေးဘက်ဆက်ဆံမှု ထူထောင်ခဲ့သည့် ၂၅နှစ်ပြည့်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်-အာဆီယံနိုင်ငံများသည် ၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီးကို လက်တွဲ တည်ဆောက်ရန်အတွက် အရေးကြီး အခွင့်အလမ်းသစ်ကို ရင်ဆိုင်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။