ယခင်နှစ်ကာလတူထက် ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂. ၁၃၅ သန်းနှင့် သွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂၁ . ၀၆၀ သန်းပိုမိုဆောင်ရွက်ခဲ့ပြီး ပို့ကုန်ပစ္စည်းများဖြစ်သည့်မတ်ပဲ၊ မြေပဲဆန်၊ နှမ်းနက်၊ သရက်သီး၊ နနွင်း တက်၊ သီဟိုဠ်စေ့၊ အုန်းသီးခြောက်၊ ကံ့ကော်ပွင့်ခြောက်၊ ငရုတ်သီးခြောက်၊ ကြက် သွန်ဖြူ၊ ငါးမျိုးစုံ၊ ပုစွန်၊ ငါးရှဥ့်၊ ကင်းမွန်၊ နွယ်ချို၊ ကန့်ချုပ်နီ အမြစ် တို့ ပိုမိုတင်ပို့ခဲ့ပြီး သွင်းကုန်များဖြစ်သည့် ဘိလပ်မြေ၊ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်အပိုပစ္စည်းများ၊ လယ်ထွန်စက်များ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်းများ၊ ၀ါယာကြိုးများ၊ အခြားပစ္စည်းများ၊ ဓာတ်ြေ မသြဇာ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သွပ်ပြားစသည့် လုပ်ငန်းသုံးကုန် ကြမ်းများ၊ လူသုံးကုန်ပစ္စည်းများအုပ်စုတွင် ဘက်ထရီခြောက်များ၊ စားအုန်းဆီ၊ အဖျော်ယမကာမျိုးစုံ၊ မျက်မှန်နှင့် အပိုဆက်စပ်ပစ္စည်းများ ပိုမိုတင်သွင်းနိုင်ခြင်းကြောင့် ကုန်သွယ်မှု တိုးတက်လာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
မြ၀တီကုန်သွယ်ရေးဇုန်မှ ဇွန်လအတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ မြေပဲဆန်၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ မတ်ပဲ၊ ငါးမျိုးစုံ၊ ချုပ်ပြီး အ၀တ်အထည်၊ ကဏန်း၊ သီဟိုဠ်စေ့၊ ပုစွန်၊ နှမ်းနက်၊ ပဲတီစိမ်း တို့ဖြစ်ပြီး အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆိုင်ကယ်၊ အသစ်ပြန်လည်ပြုပြင် ထားသော PICK UP သကြား၊ လယ်ယာသုံးယာဉ်အသစ် ၊အားဖြည့်အချိုရည်၊ လယ်ထွန်စက်၊ လေးဘီးပါ ထွန်စက်အသစ်၊ ဓာတ်ငွေ့အရော၊ မီနီဘတ်စ်တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)