တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရှိန်တန်းယန်က၊ ဖိလစ်ပိုင် စက်မှုကုန်သွယ်ရေးဝန်ကြီး လောပက်ဇ်သည်၊ တရုတ်ပြည်သို့ ခရီးလှည့်လည်ရန် တရုတ် ကုန်သွယ်ရေးဝန်ကြီး ကောဟူချိန်၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီဖြစ်ကြောင်း ယမန်နေ့ ၁၇ ရက်နေ့က ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။
ရှိန်တန်းယန်သည်၊ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။