တရုတ်-အာဆီယံဆက်ဆံမှုစိန်ကာလသို့တက်လှမ်းရေးဆိုင်ရာ နိုင်ငံတကာနှီးနှောဖလှယ် ပွဲ မလေ

2016-08-19 09:19:31 |သတင်းအရင်းအမြစ် 国际在线

အာဆီယံတည်ထောင်ခဲ့သည့်၂၅ပြည့်မြောက်နှစ်ကိုဂုဏ်ပြုသည့်အနေဖြင့်၊ မလေးရှား နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မလေးရှားတက္ကသိုလ် တရုတ်ပြည်ရေးရာ သုတေသနဌာနတို့ သည်၊ ယမန်နေ့ ၁၇ ရက်နေ့က ကွာလာလမ်ပူမြို့တော်၌ တရုတ်-အာဆီယံဆက်ဆံမှု စိန်ကာလ သို့တက်လှမ်းရေး--အခွင့်အလမ်းနှင့် စိန်ခေါ်မှုဟူသောဆောင်ပုဒ်ဖြင့်နိုင်ငံတကာ နှီးနှောဖလှယ် ပွဲကို ပူးတွဲကျင်းပကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ဟွေ့ခန်းနှင့် မလေးရှားတက္ကသိုလ် တရုတ်ပြည်ရေးရာ သုတေသနဌာနမှူး ပါမောက္ခ ဟွမ်ဇီကျန်းတို့သည်၊ ယင်းနှီးနှောဖလှယ် ပွဲ့၌ မိန့်ခွန်းပြောကြားခဲ့ကြသည်ဟုသိရသည်။