ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ယူသာစပ် က လက်ရှိ အချိန်တွင် ထိုင်းနိုင်ငံရောက် ကမ္ဘာလှည့် ခရီးသည်များအနက် တရုတ်ခရီးသည်ဦးရေ အများဆုံးဖြစ်ကြောင်း၊ တရုတ်ခရီးသည်များသည် ထိုင်း ခရီးသွားလုပ်ငန်း၏ဝင်ငွေအတွက် အကျိုးဆောင်မှု အများဆုံးဖြစ်သဖြင့် ထိုင်းအနေနှင့် တရုတ်ခရီးသည်များအား ကျေးဇူးတင်ရှိပြီး ကြိုဆိုပါကြောင်း၊ မကြာခင်ရက်များက ထိုင်း ခရီးသွားလုပ်ငန်း အခြေအနေ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြခဲ့သည်ဟု၊ ဆင်ဟွာသတင်းအရ သိရပါသည်။
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ နိုင်ငံခြားခရီးသည် ၁၁သန်း ၆သိန်း ၈သောင်း သည် ထိုင်းသို့ ခရီးလှည့်လည်ခဲ့ကြောင်း၊ ၎င်းအနက် တရုတ်ခရီးသည်ဦးရေ ၃သန်း ၄သိန်း ၄သောင်းရှိပြီး ၂၉ရာခိုင်နှုန်းရှိကာ ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၂၇ရာခိုင်နှုန်း တိုးများလာကြောင်း၊ ထိုင်း ခရီးသွားနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းအရ သိရပါသည်။