တရုတ်၊ဂျပန်၊တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဝမ်ယိ တက်ရော

2016-08-22 09:28:58 |သတင်းအရင်းအမြစ် 国际在线

  အင်ဒိုနီးရှားပညာရှင်၊ ဘာလီကျွန်း-ဟိုင်နမ် ချစ်ကြည်ရေးအသင်း အတွင်းရေးမှူးချုပ် ယိရူရှမ်းက စက်တင်ဘာလဆန်းပိုင်းတွင် တရုတ်ပြည် ပထမဆုံးအကြိမ်အဖြစ် ဦးစီးကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကြောင်း၊ ဥရောပနိုင်ငံများ၊ အမေရိကန်နှင့် ဂျပန်တို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပြီး ဂျီ-၇၏ အကျိုးဖြစ်ထွန်းမှုသည် အရင်ကလို မဟုတ်တော့ကြောင်း၊ တရုတ်ပြည်၏  တည်ငြိမ်ပြီး စနစ်တကျ စီးပွားရေး တိုးတက်မှုသည် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် တွန်းအားပေးနိုင်ရန် နိုင်ငံအသီးသီးတို့ မျှော်လင့်ကြောင်း ၁၈ ရက်နေ့က သတင်းထောက်များအား ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနက ရေးသားခဲ့သည်။