ကျန်တယ်ကျန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

2016-08-22 09:37:17 |သတင်းအရင်းအမြစ် 国际在线

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်တယ်ကျန်း သည် ယနေ့၁၉-ရက်နေ့တွင် ပြည်သူ့ခန်းမဆောင်ကြီး၌ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကျန်တယ်ကျန်း က၊ တရုတ်-မြန်မာနှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်းဆက်စပ်သော အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ အကြား ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေး ရှိပါကြောင်း၊ ဥပဒေပြုရေးဌာနများအကြား ကူးလူးဖလှယ်မှုသည် တရုတ်-မြန်မာဆက်ဆံမှုတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ် သကဲ့သို့ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရေးကို အားဖြည့်ရန် အရေးကြီးသော ပေါင်းကူးတံတားလည်းဖြစ်ကြောင်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အနေနှင့် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ၏ အိမ်နီးချင်းနိုင်ငံများဆိုင်ရာ နိုင်ငံခြားရေး အတွေးအခေါ်ကို ဆက်လက်စွဲကိုင်ပြီး မြန်မာလွှတ်တော်နှင့် ဆက်ဆံမှု တိုးတက်ရန် အလေးထားကြောင်း၊ ဒေသတွင်းနှင့်နိုင်ငံတကာလွှတ်တော်စနစ်တွင် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးကို အားဖြည့်ကြောင်း၊ နှစ်ဘက်အကြား လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်ရေးနှင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တွန်းအားပေးရန်၊ တရုတ်- မြန်မာဆက်ဆံမှု နက်ရှိုင်းလာရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ပြီး တရုတ်-မြန်မာဆက်ဆံမှု အဆက်မပြတ် တိုးတက်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည် က၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေး မူဝါဒကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း၊ နှစ်ဘက်ဥပဒေပြုရေးဌာနများအပါအဝင် နယ်ပယ်အသီးသီး၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်မည်ဖြစ် ကြောင်း၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေးအစဉ်အလာနှင့် ချစ်ခင်ရင်းနှီးသော သံဇောစဉ်ကို အဆက်မပြတ်တိုးမြှင့်ပြီး မြန်မာ-တရုတ်ဆက်ဆံမှုတွင် တိုးတက်မှုသစ်ရရှိနိုင် ရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။