ပီကင်းမှ ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ အရှိန်အဟုန်ဖြင့်တိုးများ

2016-08-22 09:48:43 |သတင်းအရင်းအမြစ် 国际在线

ပီကင်းမြို့ကုန်သွယ်မှုကော်မတီမှ ၁၉ရက်နေ့က ထုတ်ပြန်ခဲ့သော စာရင်းအရ ယခုနှစ်ဇူလိုင်လကုန်ပိုင်းအထိ  ပီကင်းမြို့မှ ပြည်ပတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁.၃၈၉ ဘီလီယံရှိကြောင်း၊ ယခုနှစ်အတွင်း ပီကင်းမြို့ရှိလုပ်ငန်းကုမ္ပဏီများ ပြည်ပတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁.၇၉၆ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ်အလားတူအချိန်ပိုင်းကထက် ၁.၆ဆတိုးများလာကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။