အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဆွေးထျန်းခိုင်က ဂျီ-၂၀ စနစ် တည်ထောင်ခဲ့သည့်နောက်ပိုင်း ယင်းစနစ်အောက်တွင် တရုတ်-အမေရိကန်နှစ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှု များစွာ ပြုလုပ်ခဲ့ကြောင်း၊ ဂျီ-၂၀ ဟန်းကျိုးထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအနေနှင့် ဦးဆောင်မှု ပြုလုပ်ပြီး အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်ကြရန် နိုင်ငံအသီးသီးတို့ မျှော်လင့်ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။