ယခုအခါတွင် ၅၀၀ ကျပ်တန် အောင်ဘာလေ ထီထုတ်ဝေ ရောင်းချရေး အတွက် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ပြီးစီးပြီ ဖြစ်ကာ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် စတင် ဖွင့်လှစ်သွားနိုင်ရေး အတွက် လုံခြုံရေး နှင့် ဆိုင်သော ပုံနှိပ် လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးသို့ ထီလက်မှတ် အမှာစာ ပေးပို့ ပြီး ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။
ထို့ ပြင် ဆုကြေး ထပ်မံ တိုးမြှင့် ချီးမြှင့်မည့် အောင်ဘာလေ ထီလက်မှတ်များကို ထုတ်ဝေသွားရန် အစီအစဉ်ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားခဲ့သည်။
ထို့ အတူ ဆုမဲ အမျိုးအစား အားလုံးကို ရန်ကုန်မြို့ တွင် သာမက မန္တလေးမြို့ ၌လည်း ထုတ်ပေးနိုင်ရန် စီစဉ် ဆောင်ရွက် ထားရှိပြီး ကျပ် ၁၀ သိန်း နှင့် အောက် ထီဆုငွေများကို မြန်မာနိုင်ငံ အရပ်ရပ်ရှိ မြို့ နယ် အခွန် ဦးစီးဌာနမှူးရုံးများတွင် ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်သူများ အနေဖြင့် ဆုကြေးငွေ ပိုမို ရရှိနိုင်ရေး ၊ လူမှု စီးပွားရေး ဘ၀ ပိုမို ဖွံ့ ဖြိုး တိုးတက်စေရေး ၊ လူနေမှု အဆင့်အတန်း ပိုမို မြင့်မားစေရေး တို့ အတွက် ရည်ရွယ်၍ ကျပ် ၅၀၀ တန် အောင်ဘာလေထီကို တိုးချဲ့ ထုတ်ဝေ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)