၂၀၁၆ခုနှစ်ပထမနှစ်ဝက်ပိုင်းက တရုတ်-စင်ကာပူအပြန်အလှန်ဆက်သွယ်ရေးလုပ်ငန်းအတွက် ကန်ဒေ

2016-08-23 10:16:56 |သတင်းအရင်းအမြစ် 国际在线

ယခုနှစ်ပထမနှစ်ဝက်ပိုင်းက တရုတ်-စင်ကာပူ(ချွုံချင့်)မဟာဗျူဟာအပြန်အလှန် ဆက်သွယ်ရေးစံပြလုပ်ငန်းစဉ်အား အမေရိကန်ဒေါ်လာ သန်း၁၃၁၄၀ကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စီးပွားရေးနေ့စဉ်သတင်းစာ၏ သတင်းအရသိရပါသည်။

၂၀၁၅ခုနှစ်နိုဝင်ဘာလ ၇ရက်နေ့က တရုတ်နှင့်စင်ကာပူနှစ်နိုင်ငံအစိုးရတို့သည် စင်ကာပူနိုင်ငံ၌ တရုတ်-စင်ကာပူ(ချွုံချင့်)မဟာဗျူဟာအပြန်အလှန်ဆက်သွယ်ရေး စံပြလုပ်ငန်းစဉ်မူဘောင်စာချုပ်ကို ချုပ်ဆိုပြီး ငွေကြေး၊ လေကြောင်း၊ ကုန်စည်းစီးဆင်းမှုနှင့် ITနယ်ပယ်၎ခု၌ လုပ်ငန်းများကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။