မြို့ပတ်ရထား လက်မှတ်များ ok mobile စနစ်ဖြင့်ဝယ်ယူသည့် စမ်းသပ်ကာလ ခရီးသည် ၄ဝဝ ကျေ

2016-08-23 11:24:30 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာ့မီးရထား အနေဖြင့် မြို့ပတ်ရထားစီး ခရီးသွားပြည်သူများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန် ok mobile စနစ်ဖြင့် လက်မှတ်ဝယ်ယူခြင်းကို ယခုနှစ် ဇွန် ၂၁ ရက်တွင် မြို့ပတ် ရထားလမ်းပိုင်းရှိ ကွန်ပျူတာစနစ်ဖြင့် လက်မှတ်ရောင်းချသည့် ဘူတာ ၁၅ ခု၌ လေးလတာ ကာလအဖြစ် စမ်းသပ် ဆောင်ရွက်လျက်ရှိရာ စမ်းသပ်ကာလ နှစ်လ အကြာတွင် ok mobile(အိုကေမိုဘိုင်း) စနစ်ဖြင့် လက်မှတ်ဝယ်ယူ စီးနင်းသူ ၄ဝဝ ကျော်ရှိခဲ့ကြောင်း မြန်မာ့မီးရထား မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ တွဲဆိုင်း၂၃ ဆိုင်းဖြင့် တစ်နေ့လျှင်၂၁၅ ခေါက် ပြေးဆွဲပေးလျက်ရှိကြောင်း၊ လက်မှတ် ခနှုန်းထားများမှာ ခရီးစဉ် ၁၅ မိုင်အထိ ငွေကျပ် ၁ဝဝ နှုန်းနှင့် ၁၅ မိုင်အထက်နှင့် မြို့တစ်ပတ်လုံးကို ငွေကျပ် ၂ဝဝ သတ် မှတ်ထားပြီး တစ်နေ့လျှင်ခရီးသည် ၇ဝ,ဝဝဝ ကျော်စီးနင်းကြောင်း မြန်မာ့မီးရထားမှ သိရသည်။ (Xinhua)